Wednesday, 1 March 2017

ဟိုင်ဇ် နဲ့ နေဖွားစ် အကြောင်း

အမျိုးသမီးများမှ ဆင်းတဲ့သွေးသည် သာသနာ့ရှူ့ဒေါင့်အရ သုံးမျိုးသုံးစားရှိတယ်..!
1.ဟိုင်ဇ် (ဓမ္မတာသွေး)  ဤသွေးက အရွယ်ရောက်ပြီး မအိုခင်ကာလထိ အမျိုးသမီးများလစဉ်လာနေကျသွေးကိုခေါ်တယ်...!
2.နေဖားစ်  (မီးနီတည်သွေး) ဤသွေးသည် ကမွေးဖွးပြီးနောက်ဆင်းတဲ့သွေးကိုခေါ်တယ်...!
3.အစ်သေဟာဇာ (ရောဂါသွေး) ဤသွေးကရောဂါတည်များ ရောဂါကြောင့်ဆင်းတဲ့သွေးဖြစ်သည် တချို့အမျိုးသမီးများသာလျှင်ကြုံတွေ့ရတယ် ...!
၎င်းတို့ရဲ့ ပုံစံတွေ ရက်သက်မှတ်ချက်တွေ အမိန့်ပြစ်ညှက်ချက်တွေကို နည်းနည်းချင်တင်ပြပေးသွားပါမယ်...
               "" In shar allah ""
များသော်အားဖြင့်အမျိုးသမီးတွေသည်သုံးမျိုးစလုံးကိုတစ်မျိုးတည်းလို့ထင်ကြတဲ့မခွဲခြားတတ်ကြဘူး...!
ဟိုင်ဇ် (ဓမ္မတာ) သွေးစီးဆင်းတဲ့ရက်သက်မှတ်ချက်သည် အနည်းဆုံးသုံးရက်ဖြစ်ပြီး အများဆုံးဆယ်ရက်ဖြစ်ပါတယ်...
တကယ်လို့ သုံးရက်ထက်နည်းပြီးသွေးဆင်းပါက သူ့ကို ဟိုင်ဇ် လို့မခေါ်သလို ဆယ်ကျော်ထိဆင်းနေပါကလည်း ဆယ်ရက်ထက်ပိုသွားသည့်ရက်များကို ဟိုင်ဇ် ရက်များလို့ရေတွက်လို့မရပါ...!
နေဖားစ် (မီးနီတည်) သွေးသည် ကလေးဖွားမြင်ပြီးနောက်ဆင်းတဲ့သွေးကိုခေါ်တယ် ၎င်း၏အများဆုံးသက်မှတ်ရက်မှာ ရက်လေးဆယ်ဖြစ်ပြီးအနည်းဆုံးသက်မှတ်ချက်ရက်တော့ မရှိပါ ဆိုလိုတာက ကလေးဖွားမြင်ပြီး သွေးဆင်းချင်ရင်လည်းဆင်းမယ် မဆင်းတဲ့သူတွေလည်းမဆင်းပါဘူး တကယ်လို့ဆင်းတယ်ဆိုပါက ရက်လေးဆယ်ကြားမှာ ဆင်းထဲသွေးကို နေဖားစ်ဖြစ်ပြီး ရက်လေးဆယ်ကျော်သွားပါက ၎င်းကျော်သွားတဲ့ရက်တွေကို နေဖားစ်ရဲ့အမိန့်ထဲမှာထည့်တွက်လို့မရတော့ပေ...!
၎င်းနှစ်ခုအပြင်ကျန်တဲ့ရက်တွေမှာဆင်တဲ့သွေးကို အစ်သေဟာဒွာ (ရော်ဂါသွေး) လို့ခေါ်တယ် ဆိုလိုတာက အမျိုးသမီးတစ်ယောက်သုံးရက်အောက်နည်းပြီးသွေးဆင်းမယ် (သို့) ဟိုင်ဇ် သွေးဆင်းရင်နဲ့ဆယ်ရက်ထက်ကျော်သည့်ရက်တွေသည် (သို့) နေဖားစ် သွေးဆင်းရင်းနဲ့ ရက်လေးဆယ်ထက်ကျော်သွားသည့်ရက်တွေကို အစ်သေဟာဒွာ ရောဂါသွေးလို့ခေါ်တယ် ၎င်းရောဂါသွေးဆင်းတဲ့ကာလမှာ နမားဇ်အချိနိတိုင်းမှာ ဝိုဇူလုပ်ပြီး နမားဇ်ဖတ်ဖို့အရေးကြီးသည် ကိုယ်က ဟိုင်ဇ်ထင်ပြီးနမားဇ်တွေကို လွှတ်ခဲ့လိုက်တယ် ပြီးမှရောဂါသွေးမြန်သိတယ်ဆိုရင် အဲ့ဒီလွှတ်ခဲ့တဲ့နမားဇ်တွေကို ကဇွာ ပြန်လည်ဖြည့်ဖတ့်ဖို့အရေးကြီးပါတယ်...!
ဟိုင်ဇ်သွေးအရောင်တွေမှာ
၁.အနက်ရောင်
၂.အနီရောင်
၃.အဝါရောင်
၎.အုန်းခွံရောင်
၅.မြေကြီးရောင်
၆.အစိမ်းရောင်...
ဟိုင်းဇ်သွေး ဆင်းတဲ့အချိန်ဒီအရောင်တွေဆင်းပါကသူ့ကိုဟိုင်းဇ် လို့သက်မှတ်ပေးရမည် တခြားအရောင်တွေဆင်းပါက ဟိုင်းဇ် မဟုတ်ပါ သားအိမ်မကောင်းလို့ဆင်းတဲ့သွေးဖြစ်ပါတယ်...
အရောင်တွေဆင်းရင်းနဲ့အဖြူရောင်သို့ပျောင်းသွားပြီဆိုရင် ဟိုင်းဇ်သွေးကုန်သွားပါပြီး သန့်တဲ့အချိန်ကိုပြန်ရောက်လာပြီ...
အာ့ဆိုရေချိုးပြီးနမားဇ် ပြန်ဖတ်ဖို့တာဝန်ရှိသွားပြီ...!
အစိမ်းရောင်ဆင်းတဲ့ပုံစံမှာ အိုရွယ်သောအမျိုးသမီးများအတွက် ဟိုင်းဇ်မဟုတ်ပါ သန့်တဲ့သူတွေလို နမားဇ်ဖတ် ရိုဇာစောင့်ရပါမယ်...!
ဟိုင်ဇ် အခန်းမှာ သာသနာက အမျိုးသမီးတစ်ယောက်သည် ၅၅နှစ်ယောက်သွားပါက အိုရွယ်သော သွေးဆုံးသားဆုံး လို့သက်မှတ်ထားသည်...!
အမျိုးသမီးတစ်ယောက် ဓမ္မတာသွေး လာနေစဉ် သူမအပေါ်အချို့သော်အရာများဟရာမ်ဖြစ်သည်
1.နမားဇ်ဖတ်ခြင်း
2.ရိုဇာထားခြင်း
3.ကအ်ဗာကျောင်းတော်ကို သဝါးဖ်လုပ်ခြင်း
4.ကွရ်အာန်ကိုကိုင်ခြင်း
5.ကွရ်အာန်ကိုဖတ်ခြင်း (အလွတ်ဖတ်သည်ဖြစ်စေ)
6.ဗလီထဲသွားခြင်း နဲ့
7.ကိုယ့်အမျိုးသားနဲ့ဆက်ဆံခြင်း...!
အမျိုးသမီးများ ဟိုင်ဇ် နဲ့ နေဖားစ် (မီးနီသွေး) ဆင်းနေသည့်အချိန် နမားဇ်ဖတ်ခြင်း ရိုဇာစောင့်ခြင်းဟရာမ်ဖြစ်သည် ပြန်လည်သန့်သွားသည့်အချိန် မသန့်သောကာလမှာလွတ်ခဲ့နမားဇ်တွေကို ပြန်ဖတ်စရာမလိုပါ သို့သော် ရမ်ဇားန် လမှာမသန့်လို့လွတ်ခဲ့တဲ့ ရိုဇာတွေကိုတော့ ကျန်တဲ့လတွေမှာသန့်တဲ့အချိန် ပြန်လည်စောင့်ကြဖို့အရေးကြီးပါတယ် ....!
ဟိုင်းဇ်လာနေသည့်အချိန် ကိုယ့်အမျိုးသားနဲ့ပေါင်းသင်းဆက်ဆံခြင်း ချက်အောက်မှ ဒူးအောက်ထိ အစိတ်အပိုင်းများကို ကိုင်သွယ်ပြီးစန္ဒဖြည့်စွတ်ခြင်းသည် ဟရာမ်ဖြစ်ပါတယ် ...!
ဟိုင်းဇ် ဆယ်ရက်အပြည့်ဆင်းနေသောအမျိုးသမီးသည် သွေးရက်တာနဲ့ ရေမချိုးသေးဘဲနဲ့လည်းဆက်ဆံပိုင်ခွင့်ရှိပါတယ် သို့သော် ဆယ်ရက်အောက်နည်းပြီးလာနေကြသူမတွေကတော့ သွေးရပ်ပြီး ရေးချိုးပြီးမှ (သို့) ရေမချိုးချင်သေးပါက တစ်နာရီလောက်ခြားပြီးမှသာ ဆက်ဆံပိုင်ခွင့်ရှိမယ် ဒါပေမယ့် အကောင်းဆုံးကဘယ်လိုပုံစံမဆို ရေမိုးချိုး ဆေးကြောပြီးမှ ဆက်ဆံသင့်ပါတယ်...!
အမျိုးသမီးများ ကိုယ်မသန့်တဲ့အချိန်မှာ ဇေကစ်ရ် စိတ်ခြင်း သက်စ်ဗီးဟ် ဖတ်ခြင်း ကွရ်အာန်အာယသ်တစ်ခုခုကို ဒိုအာရဲ့နိယသ်နဲ့ဖတ်ခြင်း အကုန်ပိုင်ပါတယ်...!
ဓမ္မတာသွေးဆင်းနေစဉ် သူမတို့အတွက် မွစ်သဟဗ်လုပ်ရပ်တစ်ခုမှာ နမားဇ်အချိန်တိုင်းတွင် ဝိုဇူလုပ်ပြီး ဂျာနမားဇ်ခင်းထိုင်ပြီးခဏတာ ဇေကစ်ရ်တတို့ သက်စ်ဗီးဟ် တို့ဖတ်ရွတ်သင့်ပါတယ်...!
Jee...၁၀ရက်ဆိုတာက သူမငါးရက်လာထားရင်နောက်ငါးရက်ထိစောင့် ခုနှစ်ရက်လာထားရင်နောက်သုံးရက်စောင့်ခိုင်းတာ...
သူရဲ့လာနေ့ကျ ၅ရက် /၇ ရက် အစရှိတဲ့ရက်တွေ ပျောင်းတော့မှာမလို့ ဆယ်ရက်ပြည့်တဲ့အထိစောင့်ကြည့်လိုက်ပါ...ဆယ်ရက်ပြည့်ပြီးဆိုရင်ဘယ်နှစ်ရက်မြှောက်မှာပြန်ပြီးသွေးရက်သွားတယ်ဆိုတာ ပြန်ကြည့် ဥပမာ ၈ရက်မြှောက်မှရက်သွားတယ်ဆိုရင်သူ့ရဲ့လာနေ့ကျရက်သည် ၈ရက်ဖြစ်သွားလိမ့်မယ် လာမည့်လကစပြီး...
ပြီးတော့အဲ့ဒီနမားဇ်မဖတ်ဘဲစောင့်ခဲ့တဲ့ဆယ်ရက်ထဲမှ ၈ရက်သည် ဟိုင်ဇ် ရက်ဖြစ်လို့နမားဇ်ပြန်ဖတ်စရာမလိုပါ ကျန်နှစ်ရက်ရဲ့နမားဇ်ကို ကဇွာပြန်ဖြည့်ပေးရမယ်...!
နည်းနည်းရှုပ်သွားမယ်ထင်တယ် ပမာလေးနဲ့ခုပြန်တင်ပေးပါမယ်...
အမျိုးသမီးတစ်ယောက်လာနေ့ကျရက်က ဥပမာအနေနဲ့ ငါးရက် ဒီလိုနဲ့တစ်လမှာသူ့လာနေကျငါးရက်ပြည့်လို့ ရေမိုးချိုးပြီး နမားဇ်အချိန်ကျလို့နမားဇ်ဖတ်နေစင် သွေးပြန်ဆင်းလာတယ်ဆိုရင် နမားဇ်ကိုဖျတ်လိုက်ပါ ကျန်တဲ့ငါးရက်ထိ နမားဇ်မဖတ်ဘဲစောင့်ကြည့်နေပါ သွေးကဘယ်နေ့မှာပြန်ရက်သွးတာလဲဆိုတာကို...
တကယ်လို့ဆယ်မြှောက်နေ့မှာရက်သွားတယ်ဆိုရင်သူ့ရဲ့ လစဉ်လာနေကျသက်မှတ်ချက် ငါးရက်သည် ဆယ်ရက်ကိုပျောင်းသွားပြီး အဲ့ဒိဆယ်ရက်စလုံးလွတ်ခဲ့တဲ့ နမားဇ်တွေကိုလည်းပြန် ဖတ်စရာမလိုပါ...
တကယ်လို့၈ရက်မြှောက်မှာ ရပ်သွားခဲ့တယ်ဆိုရင် သူ့လစဉ်သက်မှတ်ရက်သည် ၈ရက်ပျောင်းသွားပြီး ကိုယ်ကဆယ်ရက်တိတိနမားဇ်မဖတ်ဘဲစောင့်ကြည့်ခဲ့တယ်ဘယ်နေ့မြှောက်မှာရက်မလဲဆိုပြီး ၈ရက်မြှောက်မှာရက်သွား အဲ့ဒီ ၈ရက်တွင်လွတ်ခဲ့တဲ့နမားဇ်တွေကိုတော့ပြန်ဖတ်စရာမလိုပါ ဒါမယ့်ကျန်မဖတ်ခဲ့တဲ့ နှစ်ရက်ရဲ့ နမားဇ်ကိုပြန်ပြီး ကဇွာဖြည့်ဖတ်ပေးရပါမယ်...!
      " အားလုံးနားလည်မယ်လို့မျှော်တယ် မရှင်ပါကပြန်လည်မေးမြန်းပေးပါ "